အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော သားဥအိမ်ကင်ဆာ (၁)
27-Apr-2017သားဥအိမ်က အမျိုးသမီးတစ်ယောက်မှာ နှစ်ခုရှိပါတယ်။ သားဥအိမ်တစ်ခုစီက သားဥပြွန်တစ်ခုစီဆိုတော့ ဘယ်နဲ့ညာနှင့်ဆို နှစ်ခုရှိပါတယ်။ သားဥပြွန်ရဲ့ သားဥအိမ်ကနေ Oocyte လို့ခေါ်တဲ့ မမျိုးဥ ထုတ်ပေးပါတယ်။ အများစုအမှတ်မှားတာ တစ်ခုရှိပါတယ်။ အမျိုးသမီးတွေမှာ တစ်လတစ်ခါ ဓမ္မတာလာ ပါတယ်။ ဓမ္မတာလာတာက ပုံမှန်ဆိုရင် ၂၈ ရက်မှာ တစ်ခါပါ။ သားဥကြွေတာကတော့ ပုံမှန်အားဖြင့်ဆိုရင် ဓမ္မတာလာတဲ့ လရဲ့ တစ်ဝက်ဆယ့်လေးရက်၊ ဆယ့်ငါးရက်လောက်မှ ဆင်းတာများတယ်။ အမျိုးသမီးတွေမှာ ရာသီလာတာ တစ်လတစ်ကြိမ်ရှိတယ်။ ဥအိမ်ထဲကနေ မမျိုးဥဆင်းတာ တစ်ကြိမ်ရှိပါတယ်။ သန္ဓေသားအောင်ဖို့ဆိုရင် ဥအိမ်ကနေ သားဥကြွေဖို့ လိုပါတယ်။
သားဥအိမ်ကင်ဆာဆိုတာ
သားဥအိမ်ကင်ဆာက အခုနောက်ပိုင်း အဖြစ်များတဲ့ရောဂါလို့ ပြောလို့ရပါတယ်။ အမျိုးသမီးတွေမှာ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဒါတွေပြီတော့ သားဥအိမ်ကင်ဆာက အဖြစ်များ လာပါတယ်။ နံပါတ်ငါးအဆင့်မှာရှိပါတယ်။ အများဆုံးကင်ဆာပေါ့။
အဖြစ်များသော အသက်အရွယ်
သားဥအိမ်ကင်ဆာက ဘယ်အရွယ်မှာ အဖြစ်များလဲဆိုရင် တခြားကင်ဆာတွေနဲ့ မတူတာက သူက အသက်ကြီးပိုင်းရောက်မှာ ဖြစ်တာပါ။ အများအားဖြင့် အသက် ၅၀ ကျော်တဲ့အပိုင်းကျမှ ဖြစ်တာများပါတယ်။ သားဥအိမ်က အလုပ်လုပ်ရတာ များလေလေ၊ ဖြစ်ပွားနိုင်ခြေ များလေလေပါ။ အမျိုးသမီးတစ်ယောက်ဟာ သူရဲ့ သက်တမ်းတစ်လျှောက်မှာ မမျိုးဥ ထုတ်တာများတဲ့သူတွေမှာ အသက်ကြီးလာလေ ဖြစ်ပွားနိုင်လေပါ။ များသောအားဖြင့် ၅၀ နဲ့ ၇၀ ကြားမှာ ဖြစ်ပွားနိုင်ပါတယ်။ ဆရာတို့ဆီမှာ အခုနောက်ပိုင်း ၄၀ နောက်ပိုင်းတွေမှာ လည်း ဖြစ်ပွားလာတာကို တွေ့ရပါတယ်။ အဖြစ်များတာကတော့ ၅၆ နှစ်ကြားလောက်မှာ အဖြစ်များပါတယ်။ အသက်ကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။
သားဥအိမ်ကင်ဆာဖြစ်ရသော အကြောင်းရင်းများ
သားဥအိမ်ကင်ဆာဖြစ်တဲ့အကြောင်းရင်းတွေက အများကြီးပါပဲ။ တစ်ခုက ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်တွေကြောင့် ဖြစ်ပြီး နောက်တစ်ခုကတော့ မျိုးရိုးဗီဇဆိုင်ရာ Genetic ကြောင့် ဖြစ်တာပါ။ အခုထင်ရှားတာက BRCA 1 နဲ့ BRCA 2 ပါ။ ဒါတွေက ရင်သားကင်ဆာဖြစ်စေတဲ့ Gene တွေပါ။ ရင်သားကင်ဆာရှိနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ သားဥအိမ်ကင်ဆာလည်း ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဆေးစစ်မှုကို ခံယူသင့်ပါတယ်။
သန္ဓေတားဆေးနှင့် သားဥအိမ်ကင်ဆာဆက်မှု
တချို့သန္ဓေတားဆေးသုံးစွဲသူတွေမှာ ကာကွယ်ပေးနိုင်တယ်လို့ ပြောကြပါတယ်။ သန္ဓေတားဆေးသုံးရင် ကိုယ်ဝန်မဆောင်ရဘူးဆိုတော့ ကာကွယ်မှုနည်းနည်းရနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကလည်း တွေ့ရှိချက်လေးပါ။ တချို့ကင်ဆာအများစုက တိတိကျကျပြောရမယ်ဆိုရင် အသက်အရွယ်နှင့် လည်းဆိုင်တယ်။ မျိုးရိုးဗီဇအကြောင်းတွေနဲ့လည်း ဆိုင်တယ်။ ပတ်ဝန်းကျင်အကြောင်းတရားတွေနဲ့လည်း ဆိုင်တယ်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် အသက်ကြီးပိုင်းတွေမှာ ဖြစ်တာကို အတော်များများ တွေ့ရတယ်။
Credit:
ပါမောက္ခဦးစိန်လင်း
ခွဲစိတ်နှင့် ကင်ဆာပါရဂူ